ကြံခင်းမြို့နယ် (အ.ထ.က)ခွဲ ချောင်းခွကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖြင့် ပြည့်စုံသော ကျောင်းသား/သူများ ဖြစ်လာစေ ရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ (အ ထ က) ခွဲ ချောင်းခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ (အ.ထ.က) ခွဲ ချောင်းခွကျောင်း အကျိုးတော်ဆောင် ဦးမြင့်ဆွေက အသိပညာ၊ အတတ်ပညာဗဟုသုတဖြင့် ပြည့်စုံသော ကျောင်းသား  လူငယ်များဖြစ်လာစေ‌ရေး ကြိုးစားကြဖို့ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း  ပြောကြား သည်။

ထိုနောက် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များဖြစ်သော ရာဇာငယ် (ကနောင်) နှင့် ဦးသိန်းစိုးတို့က လူငယ်နှင့် စိတ်ခွန်အား၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးအား အသိပညာပေး ဟောပြောပြီးနောက် (အ.ထ.က)ခွဲ ချောင်းခွကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ကြံခင်းမြို့နယ် ချောင်းခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ (အ.ထ.က)ခွဲ ချောင်းခွ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၁၈)ဦး တတ်ရောက်ခဲ့ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)