ပုံပါကျင်မြို့၊ ရပ်ကွက် (၂) အတွင်းရှိ နေအိမ်များနှင့် ဈေးအ‌ရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပုံပါကျင် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက် (၂) အတွင်းရှိ နေအိမ်များနှင့် ဈေးအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းဆွန်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပုံပါကျင်မြို့ပေါ် မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များထားရှိကြရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် အထူးသတိပြုကြရန်၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး စနစ်တကျငြှိမ်းသတ်ကြရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန်၊ မီးသတ်ဆေးဗူးများအသင့်ထားရှိရန်စသည်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)