တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း ရက်တိုသင်တန်း ဖွင့်လှစ်

တန့်ယန်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်ရှိ ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်မင်းထိုက်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းရွှေလှတို့က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)