အင်္ဂပူ ဖေဖော်ဝါရီ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေရွာနှင့် တလုတ်ကုန်း ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ) ဦးဇေမင်းမင်းက စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်လှိုင်၊ အဖွဲ့ဝင်(၂) ဦးမောင်ဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ) ဦးဇေမင်းမင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထန်းပင်ကန် ကျေးရွာတွင် ၃၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ခွင့်ပြုရန်ပုံငွေ (၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(၃၀)သိန်း၊ စုစုပေါင်း (၁၈၀)သိန်းဖြင့် လမ်းအရှည်(၆၈၅)ပေ၊ အကျယ်(၁၀)၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းနှင့် တလုတ်ကုန်းကျေးရွာတွင် ၃၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ခွင့်ပြုရန်ပုံငွေ (၁၅၀)သိန်း၊ ပြည်သူ ထည့်ဝင်ငွေ (၃၀)သိန်း၊ စုစုပေါင်း (၁၈၀)သိန်းဖြင့် လမ်းအရှည်(၅၀၀) ပေ၊ အကျယ်(၁၅)၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းတို့အား ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)