ရွှေတောင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ

ရွှေတောင် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယွန်းတန်းရပ်ကွက်၊ ရွှေမျက်မှန်ဘုရားရှေ့နှင့် ကြာနီကန်ရပ်ကွက်၊ မြို့ဝင်တိုးဂိတ်အနီးတို့တွင် စိုက်ထူခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များပါဝင်သော မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ဘုတ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြေစိုက်ပိုစတာအားစိုက်ထူခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)