မြန်အောင် ဖေဖေါ်ဝါရီ ၉
မြန်အောင်မြို့နယ် နွေစပါး "ပန်းတိုင်" အထွက်နှုန်းရရှိရေး စိုက်စနစ်ပြောင်းလဲရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်က လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေတောင်သူ ဦးအုန်းလွင်ကွင်းအမှတ် ၂၃၇(က)၊ ဦးပိုင် ၇၉၊ ၈၀ လယ်မြေ (၂)ဧကတွင် ကျင်းပသည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြန်အောင်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ခရိုင်/မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ဒေသခံလယ်သမားများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးမြင့်အောင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေထွန်းတို့က ပခန်းရွှေဝါစပါးမျိုး ပျိုးထောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြသပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း၌ ၂၀၂၄ ခုနှစ်အတွင်း နွေစပါးလျာထားဧက(၉၃၂၇)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)