ပန်းတောင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူ

ပန်းတောင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့က ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပန်းတောင်း-တောင်ကုတ် ကားလမ်းမဘေး၌ စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ပန်းတောင်း-တောင်ကုတ် ကားလမ်းမဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြိုဖများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စိုက်ထူခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)