မင်းလှ ဖေဖေါ်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့လယ် ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာစီစာကုံပြိုင်ပွဲနှင့် စာအုပ်ပြပွဲများပြသရခြင်းအကြောင်းကို ကျောင်းသား/ သူများအား အသိပညာပေးဟောပြောခဲ့၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ “ပြည်ထောင်စုနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.က ပြည်တော်သာကျောင်းမှ ကျောင်းသား/ သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား/ သူများ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ