ကလေးဝ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၂) ရပ်ကွက်တွင် တည်ထားတော်မူသော ဝိဇ္ဇာရှင် ပြည်တော်အေးစေတီတော်မြတ် ပြုပြင်ရန်အတွက် ပထမအကြိမ် အလှူငွေကျပ် (၆၈) သိန်း ကျော်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဝိဇ္ဇာရှင်ပြည်တော်အေး စေတီတော်မြတ် ရင်ပြင်တော်ပေါ်၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး အလှူရှင်များက ဝိဇ္ဇာရှင်ပြည်တော် အေးစေတီတော်မြတ်ပြုပြင်ရန်အတွက် ပေးအပ်လှူဒါန်းကြရာ စေတီတော်ဂေါပကအဖွဲ့တို့မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် တောရကျောင်းဆရာတော် အရှင်သူမြတ်ထံမှ တရားအနုမောဒနာ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့သည်။
ဝိဇ္ဇာရှင်ပြည်တော်အေးစေတီတော်မြတ် ပြုပြင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)