လှည်းကူး ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းသား/သူများ ရရှိရေးနှင့်အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Grade 9 အောင်မြင်ပြီးသော ကျောင်းသား/သူ များတက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစန်းအောင်က စိုက်ပျိုးရေး အ.ထ.က အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကု သရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါအုန်းက မွေးမြူရေး အ.ထ.ကအကြောင်း သိကောင်းစရာများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အစီအစဥ်များ၊ သင်ကြားပါကရရှိလာမည့် အခွင့်အရေးများကိုလည်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)