တံတားဦး ဖေဖော်ဝါရီ ၉
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး၊ တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မေစံပယ်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သီတာခိုင်၊ ဒုတိယဦးစီးမှူးက အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေးအကြောင်းပြောကြားရာတွင် ယဉ်ကျေးမှုစရိုက် ထိန်းသိမ်းရေးသည် အလွန်အရေးကြီးပါကြောင်း၊ ယဉ်ကျေးမှုစရိုက် မပျောက် မပျက်ရေးအနေဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်ပါကြောင်း သို့မှသာ မိမိတို့ယဉ်ကျေးမှု ထွန်းကားလာမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးများ ပျောက်မည်ဖြစ်ကြောင်း ကျောင်းသား/သူများသိရှိနိုင်ရေး အကျယ်တဝင့်ပြောကြားပြီး ကျောင်အုပ်ဆရာမကြီး ဒေါ်ရီရီချိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)