သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
Feb 12,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအား အားပေးတိုက်တွန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများထံ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟဲလုံခေတ်မီစံပြကျေးရွာ ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 12,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း (MSY) မှ အတိုးရငွေနှင့် ကျေးရွာပြည်သူမှ ထည့်ဝင်ငွေတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သည့် သီရိရတနာ ဘက်စုံသုံးခန်းမဆောင်ကို ယမန်နေ့ နံနက် (၁၀)နာရီက ဟဲလုံခေတ်မီစံပြကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ
Feb 12,2024
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံ၌ ကျင်းပခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ ရာဘာသစ်ပါးလွှာစက်ရုံဖွင့်
Feb 12,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၊ ဇုန်အမှတ် (၂)၌ ရင်းနှီးမြှုပ်နှံမှုငွေကျပ်သိန်း(၅၀၀၀)ဖြင့် လျာထားတည်ဆောက်ခဲ့သော ACC စောငမန်းရာဘာသစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါစက်ရုံ၌ ကျင်းပသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်း တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်
Feb 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ်ရှိ ဘာသာရေးအဆောက်အအုံများတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Feb 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများမီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်‌ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
သံတွဲ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ
Feb 12,2024
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက သံတွဲမြို့ ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးဝမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်
Feb 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာ ပေးသင်တန်းကို ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်န့ နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။