(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး အစမ်းလေ့ကျင့်မှု မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုအားပေး၊ မြို့တွင်းလမ်းလယ်ကျွန်းများနှင့် မြို့အဝင် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မြန်အောင် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယနေ့ညနေက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး အစမ်းလေ့ကျင့်မှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်ကြည့်ရှုအားပေး၍ မြို့တွင်းလမ်းလယ်ကျွန်းများ၊ လမ်းဘေးပန်းအလှပင်များ၊ မြို့အဝင်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ မြန်အောင်မြို့ ပြည်သူ့ရပြင်တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အစမ်းလေ့ကျင့်မှုဆောင်ရွက်နေသော မြို့ရွှေကျောင်းလူငယ် ဘင်ခရာတီးဝိုင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံအလေးပြုခြင်းတို့အား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်မှ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်သည် မြန်အောင်မြို့အတွင်း သန့်ရှင်းသာလှပရေး၊ အလှပန်းပင်များ စိမ်းလမ်းစိုပြည်စေရေး၊ မြို့တွင်းလမ်းလယ်ကျွန်းများ၊ လမ်းဘေးပန်းအလှပင်များ၊ မြို့အဝင်ဆိုင်းဘုတ်နှင့် ပန်းအလှပင်များ စိမ်းလန်းစိုပြည်စွာ စိုက်ပျိုးထားရှိမှုတို့အား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးတိုနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေး၍ ပန်းအလှမြေယာရှုခင်းများ ဆောင်ရွက်ရန် လိုအပ်သည်များနှင့် မြန်အောင်မြို့အတွင်း သန့်ရှင်းသာယာလှပရေး စဥ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)