ကျေးသီး ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ သုဝဏ္ဏသီရိ(ဟုန်းခမ်း) ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျေးသီးမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တကောလိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဩဝါဒမိန့်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်အခမ်းအနားကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၉)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး KG တန်း(၉)ပါး၊ မူလတန်း ပထမနှစ် (၁၁၀)ပါး၊ မူလတန်း ဒုတိယနှစ် (၄၇)နှစ်ပါး၊ မူလတန်းတတိယနှစ် (၇)ပါး၊ စုစုပေါင်း (၁၇၃)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)