သတင်းများ

ကော့သောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြိုတွင်  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင်များနှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 11,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Feb 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်  ပိုက်ကျော်ခြင်းဝါသနာကစားသမားများ ပူးပေါင်းကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဥာဏသိဒ္ဓိရပ်ကွက်၊ A 3000 ပိုက်ကျော်ခြင်းကွင်းတွင် ယှဥ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ (သင်ရိုးညွှန်းတမ်းအသစ်)ကို ယမန်နေ့မွန်းလွဲ ၁ နာရီမှ စတင်၍ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုကြသည်။
မိုင်းယောင်းမြို့တွင် အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်
Feb 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း(သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ်(၇)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားပြည်သူများပြား
Feb 11,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ အပန်းဖြေသူများနှင့် ဆင်များကို လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
မိုင်းရှူး၌ (၃၂)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲတော် ကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ (၃၂)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာ မေးပွဲတော်ကိုယမန်နေ့က ဟံသာမုနိဘုရားကြီးကျောင်းနှင့် ယုံးပေါင်ကျောင်းတိုက်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။