မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ပေါင်းစုံပဒေသာကပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းပေါင်းစုံ ပဒေသာကပွဲအခမ်းအနားကို မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မော်ရွှေဝါခန်းမ၌ ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။

 ရှေးဦးစွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းသား/သူလေးများက "မင်္ဂလာပါ" သီးချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူလေးများက "ဦးရွှေရိုးနှင့် ဒေါ်မိုး"အက၊ "ပျိုဘုန်းလှမ်းခဲ့ပါ" သီးချင်ဖြင့် တေးသရုပ်ဖော်အက၊ "အလှကမ္ဘာမြေ"သီချင်းဖြင့် တေးသရုပ်ဖော်အကများ စသည့် အကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကပြဖျော်ဖြေသော ကျောင်းသား/သူလေးများအား အာဟာရဒါနနှင့် ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

ရဲကိုမောင် (ပြန်/ဆက်)