တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုနှင်းသဘင်အခမ်းအနားကို ယမန့်နေ့ နေ့လယ် (၁) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာမူလတန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရသော Grade-5 ကျောင်းသူ မဆုသဒ္ဒါအောင်နှင့် အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော Grade-8 ကျောင်းသူ မလင်းလက်ကြည်ဖြူတို့က “Travelling” ခေါင်းစဥ်ဖြင့် အင်္ဂလိပ်စာစွမ်းရည်များကို အသီးသီးပြန်လည်ပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် စာဖတ်စွမ်းရည်၊ ပုံပြောစွမ်းရည်၊ ကျပန်းစကားပြောစွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ညဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)