ပခုက္ကူမြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြော

ပခုက္ကူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ CMEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်းများ သရုပ်ပြရာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)