မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

မိုးကောင်း ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီး လမ်းဆုံလမ်းထောင့်၌ ပြုလုပ်ကြောင်း သိရသည်။

ဆိုင်ကယ်နှင့်မောတော်ယာဉ်မောင်းနင်သူများ ထိခိုက်မှုမရှိပဲ အသက်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးသန့်စင်နှင့် ဝန်ထမ်းများက ဖြတ်သန်းသွားလာစီးနင်းမောင်းနင်လာသည့် မော်တော်ဆိုင်ကယ်မောင်နင်သူများအနက် ဆိုင်ကယ်စီးဦးထုတ်မပါသူများအား ဆိုင်ကယ်စီးဦးထုတ်အခမဲ့ပေးခြင်း၊ "ဆိုင်ကယ်စီးလျှင်ဦးထုတ်ဆောင်းပါ" စာတမ်းပါ အသိပညာပေးစတေကာနှင့်ရောင်ပြန်များကပ်ပေးခြင်း၊ မော်တော်ယာဉ်များတွင် " မော်တော်ယာဉ်မောင်းနင်စဉ် ထိုင်ခုံခါးပတ် ပတ်ပါ"စာတမ်းပါ စတေကာများကပ်ပေးခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်/ဆိုင်ကယ်များအား လက်ဝယ်ထားရှိစီးနင်းခြင်းများမပြုလုပ်ရန် အသိပညာပေး‌ပြောကြားခြင်း၊ ဆိုင်ကယ်များတွင် သတ်မှတ်နံပါတ်ပြားနှင့် ဘက်မှန်များတပ်ဆင်အသုံးပြုရန်၊ ဦးထုတ်ဆောင်းရန်၊ မော်တော်ယာဉ်မောင်း‌နေစဉ် ထိုင်ခုံခါးပတ်ပတ်ထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)