ရွှေဘို ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကအခြေခံပညာကျောင်းများဖြစ်သည့် မင်းရပ်(မ)နှင့်ဆင်ရုံကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများပေးခြင်း၊ မဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက် ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းဈေးဆိုင်နှင့် အစားအစာများအားစစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်ဖြည့်သွင်းခြင်းစသည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)