ရပ်စောက်၌ ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးလျက်ရှိ

ရပ်စောက် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား UID (Unique Identity) ဆောင်ရွက်ပေးခြင်း ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်း (၂၄၆၀) ဦးရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးလွင်နှင့် ဝန်ထမ်းများက ပင်စင်စား (အငြိမ်းစား) ဝန်ထမ်း(၆၀)ဦးတို့အား Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေး အချက်အလက်များ ထည့်သွင်းခြင်း တို့ ပြုလုပ်ကာ (UID) နံပါတ်များ ထုတ်ပေး‌ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)