ကလေး ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများမရှိစေရေးတွက် မဲပေးစက်များဖြင့် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်၍ မဲပေးစက်ကိုင်တွယ်သူကြမည့် သင်တန် းသား/ သင်တန်းသူများအနေဖြင့် ကျွမ်းကျင်သည်အထိ ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးထွန်းက မဲပေးစက်အသုံးပြုနည်းဆိုင်ရာနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုဆိုင်ရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ နည်းပြဆရာများက လက်တွေ့စမ်းသပ် မဲပေးခြင်းကိုဆောင်ရွက်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများ စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ကြသည်။
အဆိုပါဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၄၀၂) ဦးအား အုပ်စုလေးခုခွဲ၍ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့သွားမည်ဖြစ်ပြီး အခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကြီးကြပ်ရေးအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ ဌာနဆိုင်ရာဖိတ်ကြားထားသူများ၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများနှင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)