အိမ်မဲ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည် များကတစ်ရက်လျှင် ဆန်တစ်ပြည် (၂၀၀၀)နှုန်း ဖြင့် ဆန်အိတ် (၂၀)၊ ဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ဆီ (၅၀)ပိဿာ၊ ကြက်ဥ တစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် ကြက်ဥ အလုံး (၆၀၀)တို့ကိုဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ရောင်းချနေမှုများကို အပတ်စဥ် တနင်္လာနေ့မှသောကြာနေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီထံမှ သိရသည်။
ချစ်သက်လယ်