ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အခြေခံပညာဦးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကန်ကြီးထောင့် ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အခြေခံပညာဦးစီးဌာနရှိ တည်ဆောက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၊အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အခြေခံပညာဥိးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင် ကုမ္ပဏီများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာပြီးစီးစေရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး