တောင်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက မြို့နယ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးရွယ်အိုအဘိုးအဘွား(၇၂၁)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၂၁၆၃၀၀၀၀)ကို မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
လူမှုရေးပင်စင်ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၃) ရပ်ကွက်မှ အကျိုးခံစားခွင့်ရရှိသည့် အဘိုးအဘွား စုစုပေါင်း (၇၂၁) ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃)သောင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)