သဲကုန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများအနေဖြင့် ဗလငါးတန်းပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန်နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ အန္တရာယ်ကြီးမားပုံနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရန်၊ ဆောင်ရန်ရှောင်ရန်များကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများကြွယ်ဝလာစေရန် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)