သတင်းများ

မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jan 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများက စနစ်တကျ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Jan 22,2024
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်ကလေးဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီး များနှင့် အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပုသိမ်မြို့၊ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က ဇီးဖြူချောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း၊ (အ.မ.က)ဇီးဖြူချောင်း၌ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၁၈း၀၀) နာရီအချိန်က ကျောင်းစုဝေးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဆောင်းနေကြာ၊ မကွေး(၁၂) မြေပဲ(ဘောလတ်)၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သရက်ကုန်းကျေးရွာ အုပ်စုတွင် ဆောင်းနေကြာ (၅)ဧက၊ ခေနန်ကျေးရွာအုပ်စုတွင် မကွေး(၁၂) မြေပဲ(ဘောလတ်) အမျိုးအစား (၁၀)ဧကနှင့် ဆောင်းနေကြာ (၃)ဧက၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁)ဧက၊ ကွင်းပေါက်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)(၁)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေး
Jan 22,2024
မ‌ကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
Jan 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူနေလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင် စပါးစိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင်စပါး စိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်‌နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ်(၁၁)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။