တောင်တွင်းကြီး ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အငြိမ်းဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလူဦးရေ စုစုပေါင်းတစ်ထောင်ကျော်ရှိကြောင်း၊ ပင်စင်လစာငွေများ လာရောက်ထုတ်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုထ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)