ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင် စပါးစိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင်စပါး စိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်‌နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ်(၁၁)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မာင်ဝင်း ဦးဆောင်သည့်အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများက ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၊ ကွင်းအမှတ် ၁၄၇-B၊ ဦးပိုင် အမှတ် ၄၄/၆၊ တောင်သူ ဦးတောက်ထွန်းကျော်၏ ဆောင်းသီးနှံ နေကြာ(၃)ဧက စိုက်ပျိုး ဖြစ်ထွန်းမှုနှင့် သီးထပ်ရင်စပါးခင်း (၅)ဧကတွင် ယူရီးယားဓာတ်မြေဩဇာ ကြဲပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူဒေါ်စန်းယုဆွေ၏ သီးထပ်ရင်စပါးမျိုးနွေစပါး (၄)ဧကစိုက်ပျိုးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာတွင် တောင်သူ လယ်သမားနေ့ အခမ်းအနားကျင်းပမည့်နေရာ၌ သီးနှံများ စိုက်ပျိုးနေမှု၊ စိုက်ပျိုးထားရှိမှုအခြေအနေ၊ ပြင်ဆင်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)