တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး

တန့်ယန်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူနေလျက်ရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၃၄၀)ဦးကျော် လာရောက်ထုတ်ယူကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)