မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများက စနစ်တကျ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့နှင့် နောက်ပိုင်း ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ကာကွယ်ရေးပင်စင်၊ မြို့ပြပင်စင်၊ ဘဏ်ပင်စင်နှင့် နိုင်ငံရေးပင်စင်()မျိုးကို သာလစဥ်ထုတ်ပေးလျက်ရှိကြောင်း၊ ၂၁ ရက်နေ့တွင် ကာကွယ်ရေးပင်စင်စားများမှအပ ကျန်()မျိုးကို ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် ဘဏ်မှထုတ်ပေးထားသော ငွေထုတ်ယူခွင့်ကတ်ပြားများကို ယူဆောင်လာကြပြီး စနစ်တကျ အေးချမ်းစွာ ထုတ်ယူလျက်ရှိကြကြောင်းနှင့် ပင်စင်စားစုစုပေါင်း (၃၅၂)ဦးရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)