သာပေါင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သရက်ကုန်းကျေးရွာအုပ်စုတွင် ဆောင်းနေကြာ (၅)ဧက၊ ခေနန်ကျေးရွာအုပ်စုတွင် မကွေး(၁၂) မြေပဲ(ဘောလတ်) အမျိုးအစား (၁၀)ဧကနှင့် ဆောင်းနေကြာ (၃)ဧက၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁)ဧက၊ ကွင်းပေါက်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)(၁)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က သရက်ကုန်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ကွင်းအမှတ်(၇၈၄)၊ ဦးပိုင်အမှတ်(၃၂/၈)၊ တောင်သူ ဦးဖိုးတိုး၊ ဆောင်းနေကြာ(၅)ဧက၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ကွင်းအမှတ်(၇၅၇C)၊ ဦးပိုင်အမှတ်(၅/၁)၊ တောင်သူ ဒေါ်စန်းစန်းဌေး၊ (မကွေး ၁၂) မြေပဲ(ဘောလတ်)အမျိုးအစား (၁၀)ဧက ဖြစ်ထွန်းနေမှု၊ ကွင်းအမှတ်(၇၅၆A)၊ ဦးပိုင်အမှတ် (၂၈/၅)၊ တောင်သူ ဒေါ်စိန်မေ၊ ဆောင်းနေကြာ(၃)ဧက ဖြစ်ထွန်းနေမှု၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) (၁)ဧက၊ ကွင်းပေါက်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၊ ကွင်းအမှတ် (၇၅၄)၊ ဦးပိုင်အမှတ်(၄/၃)၊ တောင်သူ ဦးလှမြင့်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁)ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်