သတင်းများ

မိုင်းယုမြို့၌ တောင်သူများ မိသားစုအပိုဝင်ငွေရရှိနိုင်ရန် သဘာဝတံမြက်စည်းပင်များ စတင်ခုတ်ယူရောင်းချ
Jan 22,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မှီတင်းနေထိုင်ကြသော တောင်သူများသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် အလေ့ကျပေါက်ပင်ဖြစ်ပြီး နေရာကွက်ကျား ပေါက်ရောက်လျက်ရှိသော  တံမြက်စည်းခိုင်များ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် စတင်ခုတ်ယူကာရောင်းချနေလျက်ရှိကြသည်။
ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေး
Jan 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကောင်းတင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီရေးဆွဲပြိုင်ပွဲကျင်းပ
Jan 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပန်းချီရေးဆွဲပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်
Jan 22,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာရမည့်အချက်များ အသိပညာပေး လက်တွေ့သရုပ်ပြသ
Jan 22,2024
အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jan 22,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ကရင်ပြည်နယ် မြဝတီခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ ကလပ်ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Jan 22,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဘုရားအမှတ် ၁၇၆၃ ၊ ၁၇၆၄ ဂူဘုရားအတွင်းရှိ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်အားဖူးမြော်ပြီး ဂူဘုရားအတွင်းနံရံပန်းချီများနှင့်တည်ဆောက်ပုံဗိသုကာ ပညာရပ်ကိုလေ့လာနိုင်
Jan 22,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဘုရားအမှတ် ၁၇၆၃၊ ဘုရားအမှတ် ၁၇၆၄ ဂူဘုရားအတွင်းရှိ  ဗုဒ္ဓဆင်းတုတော်အားဖူးမြှော်ပြီး ဂူဘုရားမျက်နှာကျက်နှင့်နံရံတို့တွင်ရေးဆွဲထားသည့် အလွန်ရှေးကျသည့်နံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။