သတင်းများ

တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
Jan 22,2024
စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့နံနက် (၁၀)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (DICA) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့် တိုင်းဒေသကြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ တပ်ဖွဲ့/ဌာန များ တက်ရောခဲ့ကြသည်။
တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 22,2024
မြန်မာ့ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များ ပေါ်ပေါက်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ရွှေသံလွင်မီဒီယာမှ ပထမဆုံးအကြိမ် စီစဉ်ကျင်းပသည့် ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ် (၉၃) ရပ်ကွက်၊ ဗေဒါလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ အသက်​မွေးဝမ်း​​ကျောင်းဆိုင်ရာ မွေးမြူ​ရေးလုပ်ငန်းအ​ကြောင်း အသိပညာ​ပေးဟော​ပြောပွဲ ကျင်းပ
Jan 22,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်​မွေးဝမ်း​ကြောင်းဆိုင်ရာ  မွေးမြူ​ရေးလုပ်ငန်းအ​ကြောင်း အ​ထောက်အကူပြု အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့ နံနက်ပိုင်းက ဟိုခန့်​ကျေးရွာရှိ ဘုန်း​တော်ကြီး​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ငပုတောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သက္ကယ်ချောင်းကျေးရွာနှင့် ဝက်ဆူကျေးရွာတို့တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ရေတင်စနစ်ဖြင့် နွေစပါးစိုက်ခင်းများအား ရေသွင်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက္ကယ်ချောင်းကျေးရွာနှင့် ဝက်ဆူကျေးရွာတို့တွင်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်ဖြင့် နွေစပါးစိုက်ခင်းများအား 5.5 HP HP (8”)၊Inclined Pump 7.5 KW Inventer၊9.9 KW Solor များ တပ်ဆင်ဆောင်ရွက်၍ ရေသွင်းထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းမျိူးသန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
မိုင်းခတ်မြို့နယ် ပင်း‌ကွေကျေးရွာတွင် ဆီထွက်သီးနှံနေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ဆောင်ရွက်
Jan 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု ပင်းကွေကျေးရွာတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး (campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်း‌ ဆောင်ရွက်
Jan 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း campaign နှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။