ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေး

​ကျောက်ဆည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကောင်းတင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ ကောင်းတင်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိထားလုပ်ကိုင်လျက်ရှိပြီး ယခင်ကျေးရွာတွင်းလမ်းများမှာ မြေသားလမ်းများဖြစ်သောကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ သံဃာတော်များနှင့် တစ်အိမ်နှင့်တစ်အိမ် လူမှုကိစ္စများကြောင့်  သွားလာရာ၌ မိုးတွင်းကာလတွင် အခက်ခဲဖြစ်လျက်ရှိကြောင်း ကျေးရွာရပ်မိရပ်ဖများ၏ ပြောပြမှုအရသိရှိရပြီး  ကျေးရွာတွင်း လမ်းများကောင်းမွန်ရေး အစဉ်ကြိုးပမ်းလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းချမှတ်ပြီး ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းပေးခြင်းဖြစ်သဖြင့် ကျေးရွာပြည်သူများ အလွန်ဝမ်းသာလျက်ရှိကြောင်း သိရသည်။ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် ကင်းကျေးရွာရှိ အိမ်ခြေ (၂၁၇)အိမ်၊ အိမ်ထောင်စု(၂၂၁)စု၊ လူဦးရေ (၁၀၇၈)ဦးတို့၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ နိုင်ငံတော်၏ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေအဖြစ် (လုပ်အားတန်ဖိုး) (၅၇၈၀၀၀၀) သိန်းကျပ် စုစုပေါင်းငွေကျပ် (၂၀၇၈၀၀၀၀) ကျပ်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဦးဆောင်၍ ပြည်သူများပူးပေါင်းပြီး ထု(၆)လက်မ၊ အကျယ်(၁၂)ပေ၊ အရှည်(၇၁၀)ပေ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)