ညောင်ဦး ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဘုရားအမှတ် ၁၇၆၃၊ ဘုရားအမှတ် ၁၇၆၄ ဂူဘုရားအတွင်းရှိ ဗုဒ္ဓဆင်းတုတော်အားဖူးမြှော်ပြီး ဂူဘုရားမျက်နှာကျက်နှင့်နံရံတို့တွင်ရေးဆွဲထားသည့် အလွန်ရှေးကျသည့်နံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဘုရားအမှတ် ၁၇၆၃၊ ဘုရားအမှတ် ၁၇၆၄ ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သို့သွားရာ အနော်ရထာနှစ်လမ်းလမ်းမကြီးတောင်ဘက်၊ ဗူးလယ်သီးဘုရားအနောက်ဘက်တွင်တည်ရှိသည်။ ဂူဘုရားနှစ်ဆူလုံးအနောက်ဘက်မုခ်လှည့်တည်ဆောက်ထားပြီး လိုဏ်အတွင်းတွင် အနောက်ဘက်မျက်နှာမူ ထိုင်တော်မူဆင်းတုတော်တစ်ဆူစီတည်း ထားပူဇော်ထားကာ ဂူဘုရား နှစ်ဆူရှိ ဆင်းတုတော်နှစ်ဆူလုံး၏ ဘေးတဘက်တချက်တွင် အဂ္ဂသာဝကနှစ်ဦးခြံရံလျက် ဖူးမြော်တွေ့ရှိလေ့လာနိုင်သည်။ ဂူဘုရားအမှတ် ၁၇၆၄ အမိုး မျက်နှာကျက်တွင် ယခင်က နံရံပန်းချီများရှိခဲ့သော်လည်း အနည်းငယ်သာကျန်ရှိတော့ပြီး၊ ဂူဘုရားအမှတ် ၁၇၆၃ အမိုးမျက် နှာကျက်တွင် အလွန်သေသပ်လှပစွာရေးခြယ်ထားသော ပုဂံခေတ်နံရံပန်းချီများအား အစိမ်းရောင်၊ အညိုရောင်၊ အနက်ရောင်တို့ကိုတွေ့ရှိ လေ့လာနိုင်ကြောင်း၊ ထိုင်တော်မူဆင်း တုတော်၏ ပလ္လင်နောက်တွင် မဟာဗောဓိပင်ပုံကိုလည်းရေးဆွဲထားသည်ကိုလေ့လာနိုင်ပြီး ဂူဘုရားအမှတ် ၁၇၆၃ လိုဏ်အတွင်းရှေး ဟောင်းမင်စာများဖြင့်ရေးထိုးထားသည့် စာကြောင်းများကိုလည်း လေ့လာဖတ်ရှုနိုင်သည်။ ဂူဘုရားအတွင်းအလင်းဝင်ရောက်မှုစနစ်၊ အလင်းပေးထားသည့်အလင်းဝင်ပေါက်နှင့် ဂူဘုရားတည်ဆောက်မှုဗိသုကာပညာရပ်တို့ကို လေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း