မုဒုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချို စသည့်အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်တို့ကို စမ်းသပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို လစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ်ယူသူဦးရေ ၂၉၆၇ ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ သိရသည်။
သားငယ် (ပြန်/ဆက်)