သတင်းများ

အ.မ.က (၅) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 20,2024
ဗလငါးတန်နှင့်ပြီးပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က အ.မ.က (၅) ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကလောမြို့နယ်၌ စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ
Jan 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်၌ ချည်မျှင်ရှည်ဝါအား လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ဝါတစ်ပိသာလျှင်ငွေကျပ်(၃၄၀၀)ကျပ်စျေးကောင်းရရှိသဖြင့် ဝါစိုက်တောင်သူများအဆင်ပြေ
Jan 20,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ယခုနှစ်ဝါသီးနှံအား  လျာထားဧက(၂၅၇၄၂)ထက်ကျော်လွန်၍ (၂၇၆၅၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဝါသီးနှံပေါ်ချိန်မှ ယနေ့အထိ ဝါတစ်ပိသာလျှင် ငွေကျပ်(၃၄၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းကို ဝါစိုက်တောင်သူ  အင်ကြင်းပင်လှကျေးရွာနှင့် ဒေသခံတောင်သူများထံမှသိရှိရ၍ ယခုနှစ်တွင်တောင်သူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ဆောင်ရွက်
Jan 20,2024
ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၅)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကံမမြို့နယ် ကျွဲခေါင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး   အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက ကံမမြို့နယ်၊ ကျွဲခေါင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နေ့လယ်(၂)နာရီက   ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကလောမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jan 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ကလောတပ်နယ်မှူး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကလောမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 20,2024
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။