ချမ်းမြသာစည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် စနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းအခမ်းအနား ပထမနေ့ကို ယနေ့နံနက် ၉ နာရီက ၈၂ လမ်း၊ အ.ထ.က(၇) ဇမ္ဗူတမ္ပခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်သည်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် စနစ်မဲပေးစက် (MEVM)ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြ ဆန္ဒမဲပေးခြင်းကို ချမ်းမြသာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (၂)ရက်တိုင်တိုင် မဲဆန္ဒရှင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့