ပိုင်ကျုံမြို့ မူ(လွန်)ထန်းတပင်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ   အခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဇန်နဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စုထန်းတပင်ကျေးရွာမူ(လွန်) ထန်းတပင်ကျောင်း၌ ၂၀၂-၂၀၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများက ပညာပန်းခင်းသီချင်းဖြင့်   သီဆိုဖွင့်လှစ်ပြီးနောက်   လှိုင်းဘွဲမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူးဦးမျိုးမြင့်ထွန်းက လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုအဆင့်အတန်းမြှင့်မားရေးကို ပညာရေးဖြင့်တည်ဆောက်ရန် လိုအပ်ကြောင်းအ.ထ.က ပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက မိမိကျောင်းဖွံ့ဖြိုးတိုးတက်စေရေး မိဘဆရာကျောင်းသား လက်တွဲညီညီပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို အသီးသီးအမှာစကားပြောကြားပြီးနောက် ၂၀၂-၂၀၂ပညာသင်နှစ်တွင် အောင်မြင်စွာ ဖြေဆိုနိုင်သည့်  ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်

ထို့နောက် မူ(လွန်)ထန်းတပင်ကျောင်းမှ  ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည် ။

နော်ခူး(ပြန်/ဆက်)