အောင်မြေသာစံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အဆင်ပြေစေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အဦအမှတ်စဥ်များ ကွင်းဆင်းဖြည့်သွင်း

အောင်မြေသာစံ ဇန်နဝါရီ ၂၀

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အဦအမှတ်စဥ်များ ထည့်သွင်းခြင်းလုပ်ငန်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူး ဦးသိန်းလွင် ဦးဆောင်သော ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အကွက်တာဝန်ခံများ က ယနေ့နံနက်ပိုင်းတွင် ဥပုသ်တော်ရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်နှင့် အနှိပ်တော်ရပ်ကွက်တို့၌ အိမ်အဆာက်အဦ အမှတ်စဉ်များ ကွင်းဆင်းဖြည့်သွင်းဆောင်ရွက်ရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးသန်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးမင်းဟိန်း၊ ဦးတင်မောင်ဝင်းနှင့် ဦးသန်းထွန်းအောင် (ခရိုင် လဝက)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

၀၉၃