သထုံမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး

သထုံ ဇူလိုင် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဆောင်၍ တာဝန်ရှိသူများ ပူးပေါင်းကာ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှုအား ဇူလိုင် ၂၇ ရက်နေ့ နံနက်က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီ ဦးဆောင်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်နှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်သော ဆိုင်များ၌ "နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ" ဟူသည့် ကြေငြာချက် ဗီနိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ချိတ်ဆွဲထားရှိမှုနှင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားရှိမှုတို့အား စစ်ဆေးပြီး ၎င်းတို့သိလိုသည့် မေးမြန်းမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)