မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၆ ဒဿမ ၈၂ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ပထမရရှိ

မော်လမြိုင် ဇူလိုင် ၂၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့ သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ထုတ်ပြန်ကြေညာရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းတွင်းဖြေဆိုသူ ၂၂၉၄ ဦး နှင့် ပြင်ပဖြေဆိုသူ ၁၈၄ ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၄၇၈ ဦးအနက်မှ အောင်မြင်သူဦးရေ စုစုပေါင်း ၁၆၃၁ ရှိပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂ ၃ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၅၂ ဦး၊ နှစ် ဘာသာဂုဏ်ထူးရှင် ၈၆ ဦး တစ်ဘာသာဂုဏ်ထူးရှင် ၁၄၃ ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ ၃၄၆ ဦးရှိ၍ ဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း ၆၅ ဒဿမ ၈၂ ဖြင့် မွန်ပြည်နယ်အတွင်း ပထမရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စည်သူ (ပြန်/ဆက်)