နတ်မောက်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ

နတ်မောက် ဇူလိုင် ၂၉                                                                    

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်က အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

“ဈေးရောင်းချနေသောဈေးသည်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ မြေသဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေပြီး ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် ပလတ်စတ်ကြွပ်ကြွပ်အိတ်အိတ်သုံးစွဲမှုကိုလျော့ချ၍ စက္ကူ၊ အင်ဖက်များကို အစားထိုးသုံးစွဲသွားကြရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း”  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်းအပြင်ရှိ ကုန်စိမ်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ အသားဆိုင်များတွင် ကြွပ်ကြွပ်အိတ်အစား အစားထိုးအသုံးပြုနိုင်သည့် အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ လှဝင်း