မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID) ကတ်များ ဆောင်ရွက်ပေးလျက်ရှိ

မိုင်းယန်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID)ကတ်များ ဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၂၁ ရက်နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းယန်းမြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာငွေရရှိသူ စုစုပေါင်း (၄၈)ဦးရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမျိုးသက်ခိုင်၊ Biometric တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးဟိန်းထက်ဇော်၊ ယာယီစာရင်းကောက် ဒေါ်အေးပပနိုင်နှင့် မြန်မာ့စီးပွားရေးဘဏ် မိုင်းယန်းဘဏ်တိုက်ခွဲရုံးမှ အငယ်တန်းစာရေး ဒေါ်သီရိကျော်ထက်တို့မှ အငြိမ်းစားပင်စင်လစာငွေများ လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ Unique Identification Number (UID) ကတ်ထုတ်ပေးခြင်းနှင့် (UID)လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ထွန်းထွန်းထူး