တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကျင်းပ

တံတားဦး ဇန်နဝါရီ  ၂၃

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းမှ ကျောင်းသား/သူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ပေးပြီး တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း မဟာဗျူဟာ(၁၀)ရပ်တွင်ပါသည့် အချက်များထဲမှ ကျောင်းသား/သူများအား (၂၁)ရာစု ကျိမ်းကျင်မှုများရရှိအောင် ပညာရေးဝန်ထမ်းများက အားတက်သရော ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ကျောင်းသား/သူများ ဘက်စုံပညာ ထူးချွန်ထက်မြက်စေရန် မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တံတားဦးခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တစ်နှစ်တာစွမ်းဆောင်ရည်ဆုနှင့် ခရိုင်အဆင့် ဉာဏ၊ ကာယဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တံတားဦးမြို့နယ် အ.မ.က ကျောက်ကန်ကျောင်းမှ ကျောင်းသား/သူများက “ဦးရွှေရိုး၊ ဒေါ်မိုးအကများဖြင့် ဧည့်ခံဖျော်ဖြေပေးပြီး တံတားဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများက မြို့နယ်အဆင့်တွင် ဉာဏ၊ ကာယနှင့် ဘာသာရပ်အလိုက်  ထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး အ.ထ.က တောင်ဘီလူကျောင်း သား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းပေးကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)