ဒေးဒရဲ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဥ်သွားလာမှု များပြားသောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ မော်တော်ယာဥ်စီးနင်းရာတွင် ထိုင်ခုံခါးပတ်ပတ်ထားရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရန်၊ လူနှစ်ဦးထပ်ပိုမို တင်ဆောင်ခြင်းမပြုရန်၊ ယာဥ်မောင်းနှင်ရာတွင် ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင် တစ်ပါတည်းယူဆောင်လာရန်၊ မော်တော်ယာဥ်မောင်းနှင်စဥ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဥ်မောင်းနှင်ခြင်းမရှိစေရေး၊ မော်တော်ယာဥ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေးနှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေးလိုက်နာရမည့် အချက်များပါဝင်သည့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း