ရွှေဘို ဖေဖော်ဝါရီလ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ အရုပ်ခေါက် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ငယ်စဥ်ကတည်းက လူအများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာ ဗဟုသုတများ တိုးတက်စေရန်၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)