ဒေးဒရဲ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကလေးများ ကာယ၊ ဥာဏ ဖွံဖြိုးတိုးတက်စေရေး ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဥာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲများကို ယနေ့မန်နံနက် (၈)နာရီက အမှတ်(၃) မိခင်နှင့် ကလေးမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က မြို့နယ်အတွင်းရှိ ကလေးများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယပြိုင်ပွဲများအဖြစ် ပူပေါင်းဖောက်၊ စကောရွက်၊ မုန့်စားပြိုင်ပွဲများနှင့် ဥာဏပြိုင်ပွဲများအဖြစ် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား အမှတ်(၃) မိခင်နှင့် ကလေးမူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများနှင့် ဖျော်ဖြေခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အသင်းဝင်များက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)