အရာတော် ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မျိုးဆက်သစ်မူကြိုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပုံပြော ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက မျိုးဆက်သစ် မူကြိုတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက မြန်မာနိုင်ငံကလေး များနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် (၃) နှစ်မှ (၅)နှစ်အထိ ကလေးများက ပုံပြောပြိုင်ပွဲတွင် မြစ်စောင့်နတ်နှင့် သစ်ခုတ်သမား ခေါင်းစဉ်ဖြင့် (၅) ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် သင်သိလား၊ ကျီးကလေးမဲတူ ခေါင်းစဉ်တို့ဖြင့် (၁၀) ဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၂၆) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)